separate
မင်္ဂလာပါခ​ဗျာ ကျ​နော်​kmt netsoelay ဆိုဒ်​​လေးမှ​နွေး​ထွေးစွာကြိုဆိုအပ်​ပါသည်​ ကိုယ်​စိတ်​နှစ်​ဖြာကျန်းမာချမ်းသာကြပါ​စေ အားလုံးကို​လေးစားလျှက်​...
banner ad
logo
Paing Thu Kha

ဘလော့မှာ အလွယ်ကူဆုံး Music Player လေးထည့်နည်း



မင်္ဂလာပါ  သည်နေ့ ကျွန်နော် ဘလော့နဲ့ပါတ်သက်တဲ့နည်းပညာလေးတခု ရေးပါမယ်ဗျာ.. ဒါကတော့ တခြားမဟုတ်ပါဘူး  အခုကျွန်တော်တို့တွေ ဆိုဒ်တွေမှာ တင်ထားတဲ့ သီချင်း တွေ တွေ့ဖူးကြမှာပါ တချို့က Radio Music တွေထည့်ထားကြတယ်.  တချို့ကတော့ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းလေးတွေကို PLAYER  လေးလုပ်နည်းထည့်ကြတယ်.. ၀င်လာတဲ့ အားပေးသေူတွအတွက် ဂီတလေးနဲ့ ဖြေဖျော်တဲ့ သဘောပေါ့နော်.. ခုရေးမှာကတော့ ကိုယ်တိုင်စိတ်ကြိုက် အဆိုတော်တွေရဲ့ သီချင်းလေးတွေနဲ့ PLAYER လေးလုပ်တဲ့နည်းဘဲ ဖြစ်ပါတယ်.. Player လုပ်တင်တာကတော့ ဘလော့အတွက်ဆို အလွယ်ဆုံးလို့ ပြောလို့ရပါတယ်... တကယ်လည်းလွယ်ကူတာမို့ ကဲ လုပ်လိုက်ကြရအောင်နော်.....

ပထမဆုံး အနေနဲ့          သည်နေရာ         ကိုသွားလိုက်ပါ ( http://www.wikplayer.com/ )

အိုကေ ရော Creat New Plalist  ဆိုတာကလစ်စလိုက်မယ်။


သည်နေရာမှာ နံပါတ်လေးတွေ  1.2.3.4   ပြထားသလို ရှင်းပြပါ့မယ်

နံပါတ် (1) ကတော့ Full Player ဆိုတာပါ သူကတော့ မိမိဘလော့ စာမျက်နှာပြင် အတိုင်း အပြည့်အလျားလိုက် ပေါ်စေတဲ့ ပလေယာပေါ့..
နံပါတ် (2) ကတော့ Mini Player  ဆိုတာကတော့ အလျှားထက်ဝက်ောလက်ရှိတဲ့ အတို လေးဘဲပေါ်စေတာပါ....

နံပါတ် (3) ကတော့ ခပ်သေးသေးလေးပါဘဲ.... ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်....

နံပါတ်  (4)  အနေနဲ့ ကတော့ ၂ မျိုးရွေ.ချယ်နိုင်ပါတယ် ဒါကတော့  သီချင်းပလေယာ လေးကို  ဘလော့ရဲ့ အပေါ်ထိပ်မှာ ပေါ်စေခြင်လား  အောက်မှာပေါ်စေခြင်လားဆိုတာဘဲ..ကြိုက်တာရွေးပါ...အားလုံး စိတ်ကြိုက် ရွေးချယ်ပြီးတာနဲ့  အောက်ဘက်ညာထောင့်က Next  ကိုကလစ်လိုက်ပါ..နောက်တဆင့်


သည်အဆင့်မှာတော့  သီချင်းတွေ ထည့်တဲ့အဆင့်ရောက်လာပါပြီ... ကဲ  မိမိတို့ ထည့်ခြင်သောသီချင်းတွေကို  Youtube  ကိုအသင့်ဖွင့်ထားလိုက်ပါနော်...အလွယ်လေးပါ..
ဘယ်ဘက်ခြမ်းက သီချင်းအမည်တွေရေးမည်.. ညာဘက်ကတော့  Youtube  ကယူလာတဲ့ လင့်တွေ ထည့်မယ်...ဗျာ.. ထည့်ဖို့ လိုအပ်ပါက အောက်ဘက်ဘယ်ထောင့်က Add More Songs  ဆိုတာကလစ်ပါ။ ပြီးတာနဲ့   Next ပေါ့နော်.. ယူကျုက ယူနည်း အောက်ကပုံကြည့်လိုက်ပါ။

Youtube  ကနေ မိမိထည့်လိုသောသီချင်းကို ဖွင့်လိုက်ပါ  အဲခါမှာ အပေါ် ဘားမှာ ကျနေသော လင့်ကို ကော်ပီယူ ထည့်ရမှာဖြစ်ပါတယ်...အိုခေနော်..နောက်ဆင့်ကတော့

သည်အဆင့်မှာတော့... နောက်ဆုံးအဆင့်ပါ  ဒါပြီးတာနဲ့  ကုဒ်တွေရဖို့ဘဲကျန်ပါတယ်နော်..သည်မှာ ကတော့  AutoPlay....Volume...Repeat    စတာတွေကို  လိုအပ်သလို ချိန်ပေးလိုက်ပါ။
စိတ်ကြိုက်ထားပါ...ပြီးတာနဲ့  DONE   ကိုကလစ်လိုက်ပါနော်.


အိုကေပြီဗျာ... ကုဒ်တွေကျလာပါပြီနော်  သည်ကုဒ်တွေကို.. ကော်ပီယူလိုက်ပါ နောက် မိမိတို့ဘလော့ကာ  ကိုဝင်လိုက်ပါ အောက်ကတိုင်းထည့်ပေးလိုက်ပါ




   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အပေါ်ကယူလာတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

အားလုံးစိတ်ကျန်းမာ ကိုယ်ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်



ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment

K M T-နတ်​ဆိုး​လေး(Chat Box)

Thank you for visity my site

page counter
logo
Copyright © 2015 K M T-နတ်ဆိုးလေး.