separate
မင်္ဂလာပါခ​ဗျာ ကျ​နော်​kmt netsoelay ဆိုဒ်​​လေးမှ​နွေး​ထွေးစွာကြိုဆိုအပ်​ပါသည်​ ကိုယ်​စိတ်​နှစ်​ဖြာကျန်းမာချမ်းသာကြပါ​စေ အားလုံးကို​လေးစားလျှက်​...
banner ad
logo
Paing Thu Kha

ဘလော့စလုပ်သူများအတွက် post တင်နည်း( အသစ်များအတွက်)


ကဲ  မိတ်ဆွေတို့ရေ... သည်ပို့စ်လေးအတွက်နဲ့ သိတတ်ထားသူတွေက  လုံးဝ စိတ်မရှုပ်စေခြင်ပါဘူးး ညီလေး တယောက်ကတောင်းဆိုထားလို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်...
ဘလော့တွေ ရေးခြင်ပေမယ့် ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အတွက် ကူညီပါဆိုလို့ သေခြာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ရခြင်းပါ... အဓိကတော့..အဲတောင်းဆိုထားတဲ့
ညီလေး  တေဇာအောင်  အတွက်ပါဘဲ...
ပထမဆုံး www.blogger.com မှာ မိမိတို့ အကောင့် တစ်ခုနဲ့ ဘေလာ့တစ်ခုရအောင် ၀င်လုပ်ရပါ့မယ်..
ကဲ ဘလော့တစ်ခု ရပြီဆိုပါစို့...ပို့စ်တင်တဲ့အပိုင်းကို စကြမယ်နော်..
ပထမဆုံး www.blogger.com  ကိုဝင်လိုက်ပါ လုပ်ထားတဲ့ အကောင့်နဲ့ ၀င်လိုက်ပါ..သည်လိုလေးတွေ့မယ်...
အဆင့်  (၁)...........


ပုံထဲမှာလဲ ရှင်းပြထားပြီးမို့ ထူးထွေမပြောတော့ပါဘူးနော်...
အဆင့်  (၂)    .........................


ပုံကို ကလစ်ပြီ အထဲကစာတွေ သေခြာ ဖတ်လိုက်ပါနော်... သေခြာရှင်းထားပါတယ်..
အပေါ်တန်းက ဟာလေးတွေကို လိုသလို စမ်းသတ်ကြည့်ပါ.. ပုံတင်တာတွေ ဗွီဒီယိုတင်တာတို့
ပါတယ်...နောက်တော့ ဖြစ်သွားမှာပါ.. လောလောဆယ် ပို့စ်တင်နိုင်အောင် လေ့ကျင့်ပါ...

အဆင့်  (၃)  ............................




အဆင့် (၃) ကတော့ Html ဆိုတဲ့ ကုဒ်တွေ တင်တဲ့နည်းပါ... ကုဒ်တွေတင်မယ်ဆိုပါက ဦးဆုံး အပေါ်က html ကိုကလစ်ပါ ကျလာတဲ့ ကုဒ်လေေးတွ ဖျက်ပါ.. မိမိတို့ တင်လိုတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါ... ပုံရဲ့ ကုးဆိုပါက compose ကလစ်တာနဲ့ ပုံပေါ်လာမယ်... ဇယားလေးတစ်ခု ဥပမာ ပြထားပါတယ်... ဆက်ကြည့်ပါ..

အဆင့်  (၄)......................


အပေါ်က ဇယားကုဒ်လေးထည့်ပြီး compose ကလစ်လိုက်တာ ခုလိုလေးဇယားကွက်လေး ကျလာပါတယ်... အဲအကွက်ဘောင်လေးထဲမှာ မိမိတို့ ကုဒ်တွေကို ထညိ့ပေးလိုက်ပေါ့..စာသားတွေဆိုလဲ ရပါတယ်.. ကော်ပီယူ past ချလိုက်ပါ.. ဘေးက ဆွဲချ ဆွဲတင်တာလေး အလိုလို ပေါ်လာမယ်... ဇယား အပေါ်နဲ့ အောက် မှာ စာသားတွေ ရေးဖို့
မောက်ချမရဘူးဆိုပါက  html ပြန်ကလစ်ပါ... ကုဒ်တွေအပေါ်ဆုံးကနေ နဲနဲ ခြာပြီး စာလေးတလုံးလောက်ရေးခဲ့ပါ... အောက်ဆုံးးလဲ အဲတိုင်းက့ဘဲ... compose ပြန်ကလစ်ပါ.. ရေးထားတဲ့ စာလုံးလေးတွေက နေရာ ယူထားပေးပါလိမ့်မယ်..
အဆင်ပြေတာနဲ့ labels ကို အမျိုးစားထည့်ပါ.... အားလုံးပြည့်စုံတာနဲ့ Publish ဆိုတဲ့ အ၀ါရောင် ထိပ်ကဟာကို ကလစ်လိုက်ပါ  ဘလော့ပေါ်ရောက်နေပါပြီ..


ကဲဗျာ အချိန်လင့်နေပြီ  အိပ်တော့မယ် အားလုံူး အဆင်ပြေ ကြပါစေလို့ ဆုတောင်းးရင်း.......

အောင်အောင် (မကစ)

0 comments:

Post a Comment

K M T-နတ်​ဆိုး​လေး(Chat Box)

Thank you for visity my site

page counter
logo
Copyright © 2015 K M T-နတ်ဆိုးလေး.